Category Archives: ပေးစာ

မောင်ချောနွယ် ၈ နှစ်ပြည့်

0
Filed under ကဗျာ, ပေးစာ

ဓာတ်ပုံ - မိုးဝေး

_______________________________________________________________________
စက်တင်ဘာ ၃ ရက်။  မောင်ချောနွယ် ၈ နှစ်ပြည့်။  မောင်ချောနွယ်ကိုအကြောင်းပြုလို့ မောင် ချောနွယ် ချစ်သူတွေ၊ ကဗျာချစ်သူတွေ ဆုံကြဖို့ စက်တင်ဘာ ၂ ရက်နေ့မှာ ကိုမိုးဝေး တစ် ယောက် ကဗျာဆရာတွေကို လှမ်းချိတ်တယ်။ သူ့ခမျာလည်း တစ်ယောက်တည်းမို့ ချိတ်လို့ ရ သလောက် လှမ်းချိတ်တယ်။ စက်တင်ဘာ ၃ ရက်နေ့ ၂၈ လမ်းမှာ ဆုံဖို့၊ ညနေ ၄ နာရီမှာ ဆုံဖို့။ စက်တင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီ ၂၈ လမ်းမှာ လင်းဝေးခက်ရောက်လာတယ်။ စိုင်းဝင်းမြင့် ရောက်လာတယ်။ မိုးဝေး ရောက်လာတယ်။ မောင်ပြည့်မင်းနဲ့ ခင်အောင်အေး ရောက်လာတယ်။ ဇေယျာလင်း ရောက်လာတယ်။ မောင်ချောနွယ်ကို ဖိတ်ခေါ်ဖို့ စတင်ကြတယ်။ မင်းနိုင်သားနဲ့ ၀င်းဇော်လွင် ရောက်လာတယ်။ စတင်ဖို့ မောင်ပြည့်မင်းက ဆော်သြတယ်။ လူဆန်း ရောက် လာတယ်။ ဝေးခေါင် ရောက်လာတယ်။ ဇေယျာလင်းက “မောင်ချောနွယ် ၀စနာလင်္ကာရ“ စာတမ်းဖတ်တယ်။ စာတမ်းဖတ်ပြီးတော့ မောင်ချောနွယ်နဲ့ ပတ်သက်လို့ ဆက်မိစပ်ရာ ပြောကြ တယ်။ ပြောရင်းဆိုရင်း “ပါရမီသက်ကုန်ရင် ပညာသက်နဲ့ ဆက်ရတယ်“ စကားနဲ့ ပတ်သက်ပြီး ပြောကြတယ်။ စိုင်းဝင်းမြင့်မေးတဲ့ ၆၀ ကျော်ရင်၊ ၄၀ ကျော်ရင် ကဗျာကိစ္စ၊ မြင်စိုင်းသူမြား ကိစ္စ မောင်ပြည့်မင်း ဖြေတယ်။ ခင်အောင်အေး ကုန်သည်ကြီးများဟိုတယ်ကို လှမ်းကြည့်ရင်း ခေတ် ပေါ်ကဗျာမှာ ချန်ခဲ့လို့မရတဲ့ နေရာတွေအကြောင်း ဆက်စပ်တယ်။ မောင်ပြည့်မင်းက ဖြည့်စွက် ပေးတယ်။ အဲဒီနောက် အဲဒီနောက် စိုင်းဝင်းမြင့် ပြန်သွားတယ်။ စကားတွေ ဆက်တယ်။ အရက် တွေ ဆက်တယ်။ အမြည်းတွေ ဆက်တယ်။ မင်းနိုင်သားက တစ်ခုလောက် ပြောမယ်ဆိုပြီး “ဆက်သွယ်ရေးလုပ်ငန်း လုပ်နေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်တွေ့ပေါ့။ သူတို့တွေဟာ ဆေးရုံ တစ်ရုံမှာ ဖုန်းလိုင်းတွေ သွားရောက် ချိတ်ဆက်ရတယ်။ အဲဒီဆေးရုံမှာ တော်တော်ခေါင်တဲ့ တောနယ်တစ်နယ်က အမျိုးသမီးတစ်ယောက် ဆေးရုံတက်နေတယ်။ ဖုန်းလိုင်းတွေ ဆင်ပြီး သွားတော့ ဖုန်းအသုံးပြုလိုသူတွေ ဖုန်းအသုံးပြုလို့ရပြီ ဖြစ်ကြောင်း ပြောကြတော့ တောနယ် က နေ ဆေးရုံဆီ ဖုန်းဆက်တယ်။ လူနာစောင့် ကလေးမလေးက ဖုန်းကိုင်တယ်။ ကလေးမလေးက
ဖုန်းမဆက်ဖူးတော့ ဖုန်းခွက်ကို ပြောင်းပြန်ကိုင်တယ်။ ပါးစပ်ကနေ ဟဲလို ဟဲလို ပြောတယ်။ အနားက နာစ့်မလေးက “ညီမလေး ပြောင်းပြန်ကြီး၊ ပြောင်းပြန်ကြီး“ လို့ ပြောတယ်။ ကလေး မလေးက လိုဟဲ လိုဟဲလို့ ပြင်ပြောတယ်” လို့ ပြောတယ်။ မင်းနိုင်သားက ဆက်ပြောတယ်။ စဉ်းစားဖို့ပါ တဲ့။ အဲဒီနောက် မောင်ချောနွယ် အကြောင်းနည်းနည်း၊ ဟို အကြောင်းနည်းနည်း၊ ဒီအကြောင်း နည်းနည်း ဆက်ပြောပြီး လမ်းခွဲကြတယ်။ မောင်ချောနွယ် ၈ နှစ်ပြည့်က ဒီ လောက်ပါပဲ။ တခြား မောင်ချောနွယ်ချစ်သူတွေလည်း ၈ နှစ်ပြည့်လုပ်တယ်လို့ သတင်း ကြားရ တယ်။ အနယ်နယ် အရပ်ရပ်မှာလည်း မောင်ချောနွယ်ကို သတိရကြမှာပါ။

လင်းဝေးခက်

ဝါဆိုမိုးနဲ့ ပြန်သွားရ (လိမ့်) မယ့် ဗညားဟန်

0
Filed under ပေးစာ

ဆြာတောကျောင်း
အခုလောက်ဆို Contributor စာရင်းက ကိုဂျိမ်းကိုဖျက်ပြီးရော့ပေါ့၊၊
ရေးစရာလေးတွေတွေ့ လာလို့  အရှုပ်တွေကြားကပဲ၊ရေးလိုက်တယ်ဆရာ၊၊ ဒီတစ်ပတ်
လျှပ်တစ်ပြက်မှာ “၀ါဆိုမိုးနဲ့ ပြန်ခဲ့ပါစီးရီး City FM
ဆုနှစ်နှစ်ဆက်တိုက်ရတဲ့ ဗညားဟန်” ဆိုတဲ
ဆောင်းပါးကိုဖတ်မိရာကနေ ဒီစာကိုရေးဖြစ်ပါတယ် ဆြာတောကျောင်း၊၊

လိုရင်းတိုရှင်းကို ပြောရရင် အဲဒီဆောင်ပါးဆန်ဆန်
အင်းတာဗျူးဆန်ဆန်မှာရေးထား သို့ မဟုတ် ဖြေထားတဲ့ ဗညားဟန်ရဲ့  Tone
(ဖြေတဲ့လေသံ) ကြောင့်လို့ ဆိုရင်ပိုမှန်ပါ့မယ်၊၊ ဗညားဟန်နဲ့ ဗညားဟန်ရဲ့
ပရိတ်သတ်တွေကို စော်ကားလိုစိတ်မရှိပါ၊၊

ဒီစာစုလေးကလည်း၊ သီချင်းရေးဆရာတွေဘက်ကလိုက်ရေးတာမဟုတ်ပဲ၊
ဒီလိုပြောဆိုတင်ပြလာတဲ့အပေါ် အခြားတစ်ဖက်ကနေစဉ်းစားကြည့်တဲ့သဘောပါခင်ဗျ၊၊

အထူးသဖြင့် အခုတစ်လော တေးရေးဆရာတွေသီချင်းမူပိုင်ခွင့်နဲ့ 
ပတ်သက်ပြီးတော့ပါ၊၊ ဗညားဟန်ရဲ့ ပြောလေးကို ဆရာဖတ်ကြည့်ပါ၊၊
“ အဆိုတော်တွေအနေနဲ့ ရှိုးတွေမှာ သီချင်းဆိုရင် တေးရေးဆရာတွေကို
သီချင်းဆိုခပေးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး၊ ဘယ်လိုမြင်လဲဆိုရင်၊
လက်ရှိပြီးပြီးသားအချိန်ထိတော့ ဘာမှလုပ်လို့ ရမှာလဲမဟုတ်ပါဘူး၊၊
ဘာဖြစ်လိုဆိုတော့ ဒီလမ်းကြောင်းကြီးက လွယ်တာမှ မဟုတ်တာ..
(လွယ်ကုန်ရင်သူတို့ ဒုက္ခရောက်မှာစိုးလို့ ထင်ပါတယ်…)
……………………အခုချိန်ကစပြီးတော့
ရေးတဲ့ သီချင်းတွေကို ရာသက်ပန်ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အပြီးပိုင်
အပြတ်ကြိုက်တဲ့ဈေးရမှ ရောင်းလိုက်ပါ၊၊ (တကယ်ကို ကုန်ပစ္စည်းတစ်ခု
ဈေးရောင်းဈေးဝယ်လုပ်တဲ့ လေသံဆရာရေ..)

ဟိုတုန်းက လုပ်တဲ့ပုံစံတွေကို ပြီးပြီးသားကိစ္စတွေကို အခုမှလာပြီး
ဘယ်ပွဲဆိုရင် ဘယ်လောက်ပေးရမယ်ဆိုတော့ ဘယ်သူကမှလည်း
အမှန်တရားကိုပြောမှာမဟုတ်ဘူး၊၊ ဒါကိုကျွန်တော်ပြောရဲတယ်၊၊

ဗညားဟန်ကိုပြောပါရစေ…. ဘယ်သူကမှလည်းအမှန်တရားကိုပြောမှာမဟုတ်ဘူး ဆို
တဲ့စကားအတွက် .. အော်ဒါကြောင့်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံက
ဂီတလောက၊ ရုပ်ရှင်လောက၊ ဗွီဒီယိုလောက ဟာ
ဒီလိုဖြစ်နေရတာပါလားဆိုတဲ့အသိတစ်ခုရလိုက်တယ်ဆရာ… ပြီး..ဒီစကားတွေသာ ..
ဘာသာပြန်တွေကတဆင့် အင်တာနက်တွေပေါ်၊
နိုင်ငံတကာသတင်းတွေပေါ်များတက်သွားလိုက်ရင်၊ မြန်မာနိုင်ငံက
လူတွေဒီလိုလူမျိုးတွေပါလားလို့  တွေးထင်၊ သွားရင် မတွေးဝံ့စရာပဲဆရာ၊၊
ဒီလောက်မတွေးနိုင်လိုလဲဒီလိုစာမျက်ပေါ်ကပြောတာဖြစ်မှာပါလိုပဲ
ဖြေတွေးလိုက်ရပါတယ်၊၊ ဖတ်ကြည့်ပါဦးခင်ဗျာ..

“ဘယ်သူမှမပြောချင်နေ ကျွန်တော်ပြောမယ်၊၊ ဘယ်အဆိုတော်ကမှ
နုတ်စ်တစ်အုပ်ချပြီး ကျွန်တော်၊ ကျွန်မတို့ ကတော့ ဘယ်သူ့ သီချင်းဘယ်နှစ်ပုဒ်ဆိုပါတယ်၊၊
ဘယ်သူ့ သီချင်းဘယ်မှာဆိုပါမယ်ဆိုပြီး အပြင်မှာ တေးရေးဆရာတွေကို
တိကျမှန်ကန်စွာပြောမှာ မဟုတ်ပါဘူး၊၊
ကျွန်တော်လည်းမပြောဘူး၊၊”

ဘာဖြစ်လို့ ဗညာဟန်ဒီလောက် သေချာပြောနိုင်ရတာလဲ၊ သူမပြောတာသူ့ ကိစ္စပါ၊၊
ဘာကြောင့်တစ်ခြား သူတွေရောပြောမှာမဟုတ်ပါဘူးလို့
ထစ်ချသူပြောနိုင် ရတာလဲဆရာ၊၊

ခိုးကူးခွေတွေကျတော့ အော်လိုက်ကြတာ တစာစာနဲ့ နဲ့ ၊ ဒီကိုယ့်လောကသား
ကိုယ့်နာမည်ကြီးပေးတဲ့ ကိုယ့်သီချင်းရေးဆရာတွေကို၊ ပြောနေတဲ့စကားတွေလို
တောင်ထင်ရက်စရာမရှိဘူးဆရာ၊၊ ကျွန်တော်စဉ်းစားကြည့်မိတယ်ဆရာ..
ဒီစာသားတွေမပါပဲ သူသီချင်းအော်ဆိုနေတဲ့အသံကိုလေ…

ဒီဂျာနယ်မှာပဲ ကြည်သာ(ပွဲကြိုက်ခင်) ကိုလည်းဆွ
(ဒီလိုပဲသုံးပါရစေ)ထားတယ်ဆရာ.. ကိုကြည်သာကတော့
ခပ်ဖွဖွလေးပြောရှာပါတယ်..ဒါပေမဲ့ မေးတဲ့သူကလည်း
ဥပဒေတွေပါတွေနားမလည်တော့ ဖွလုံးကြီးကိုတွေ့ နေရတာပေါ့..
မေးခွန်းကိုကြည့်ဆရာ..

“အခုဆိုရင် ရွှေတိုင်ညွန့် ၊ရွှေပြည်အေးနှစ် (၁၀၀) ပြည့်သွားပြီး၊ သူတို့
သီချင်းတွေဆိုလိုက်ကြတာ အများကြီးပဲလေ၊၊ သူ့  တို့ အတွက်ကျတော့ ဘယ်သူမှ
သီချင်းရေးခလိုက်မတောင်းပေးဘူးလား” တဲ့…

ဗညားဟန်ပြောတာလေးကိုဖတ်ရင်း၊ ကျွန်တော်တို့ ရပ်ကွက်ထဲက အမူးသမား
ဇော်ကြီးဆိုတဲ့လူ မှုးလာရင်ပြောတဲ့စကားလေးတစ်ခွန်းသွားသတိရမိတယ်ဆရာ…
“ဟေ့..ဇော်ကြီးတို့ ကဘယ်သူ့ မှဂရုမစိုက်ဘူး..ဇော်ကြီး သမိုင်းမှာနေတယ်…
ကိုယ့်သမိုင်းကိုယ်ရေးတယ်..” တဲ့.. အခုဇော်ကြီးတစ်ယောက်လဲ
မရှိတော့ပါဘူးဆရာ… ရပ်ကွက်ထဲမှာလည်း သူ့ အကြောင်းဘယ်သူမှ သတိမရကြ
မသိကြတော့ပါဘူး…..

လေးစားစွာဖြင့်
ဂျိမ်း

ကိုဂျိမ်းသို့…

တောကျောင်းဘလော့ရဲ့ Contributor စာရင်းက ကိုဂျိမ်းကို ကျွန်တော် မဖျက်ထားပါဘူး။
ဒီအတွက် ခင်ဗျားအနေနဲ့ စိတ်ကူးရတိုင်း စာရေးနိုင်ပါကြောင်းပေါ့ဗျာ။

ပင်လယ်ဓားပြကို ဘယ်သူအလိုရှိသလဲ

3
Filed under ပေးစာ

ဆရာတော

ကျတော့်မှာ ဘာမှ ရှိမနေခဲ့တာကြာပါပြီ။ ဆရာတော ကျတော့်ဆီက အနုပညာ စုတ်ချက်ကြမ်းကြမ်းတွေ
မျှော်လင့်နေပေမယ့် ကျတော့် လက်ထဲ စုတ်တံလည်းမရှိ၊ စိတ်ကင်းဗတ်စပေါ်လည်း ဘာစုတ်ချက်မှ မရှိ၊
အဲဒီ စိတ်ကင်းဗတ်စကြီးကလည်း အဖြူထည်အဖြစ် မရှိ။

လက်ရှိ ကျတော့် အကြောင်းမှာ ဆရာတော သိတဲ့အတိုင်း ကျတော်က ပင်လယ်ကိုတိုးထွက်ခဲ့သူလေ။
ပထမအခေါက် ကျတော်စီးတဲ့သဘောင်္ တစ္ဆေသင်္ဘောပေါ့။ ၀ံပုလွေလာဆင်ရဲ့ တစ္ဆေ သေဘာၤေတာ့ မဟုတ္ပါဘူး။
သေဘာၤေပၚမွာ ညစ်ညမ်းစာအုပ်ထဲက ဇာတ်ကောင်လိုလူတွေ ပါတယ်။
သားသမီးလုပ်စာကို ထိုင်စားဖို့မျှော်လင့်ရင်း အလုပ်တွေပိနေတဲ့ သေခါနီး အရွယ် မုဆိုးဖိုတစ်ယောက် ပါတယ်။
စားသောက်ကုန်၊ လူသုံးကုန်၊ အသွေးအသားကုန် ကုန်မျိုးစုံကူးတဲ့ အသက်လေးဆယ်တန်း မိန်းမတွေပါတယ်။
အပျင်းပြေ ပိုးဟပ်လိုက်သတ်နေတဲ့ လူတစ်ယောက်ပါတယ်။
တစ်ခုမဟုတ် တစ်ခု လှီးဖြတ်နေရမှ ကျေနပ်တဲ့ လူတွေလည်း ပါရဲ့။

ကျတော်လား။ ကျတော်က ကဗျာဆရာ ကပျာကယာ၊ကဗျာတွေက ပြာတွေလိုလွင့်၊လွင့်နေတဲ့အတိုင်း
ပြန်ကောက်မရတဲ့ စိတ်အပိုင်းအစတွေ၊ ဟိုဟာလိုလို၊ ဒီဟာလိုလို၊ ကဗျာဆရာဖြစ်လိုက်၊
ပင်လယ်ဓားပြဖြစ်လိုက်၊ နောင်ဆုံးတော့ ၀ံပုလွေလာဆင်ပဲ ဖြစ်ဖြစ် သွားတယ်။

ဒီလိုနဲ့ ကျတော် ကဗျာဆရာတွေ ထွက်တဲ့မြို့ကိုလည်း ရောက်ခဲ့ရတယ်။ ဆိပ်ကမ်းနံ့ကို ရှူရင်း တွေးမိတော့
ကျတော်ဟာ သီချင်း ညည်းရင်း ကုန်ထမ်းနေတဲ့ အထမ်းသမားတစ်ယောက် လောက်တောင်
မပေါ့ပါးတာ ဆင်ခြင်မိတယ်။ကျတော် ဖြတ်သန်းခဲ့သမျှ ရှင်သန်နေထိုင်မှု
ကဗျာ၊ သီချင်း၊ ရုပ်ရှင်၊ စီးကရက်၊ ဘီယာ၊ လိင်ကိင်္စ၊ ချစ်သူ၊ မိတ်ဆွေ၊ ၀ိပဿနာ စသဖြင့်
ဘ၀က နယ်ပယ်ကျဉ်းမြောင်းလွန်းတယ်။

ဒုတိယတစ်ခေါက် စီးတဲ့ သဘော်ကတော့ တောခွေးသင်းဘောလို့ ခေါ်တယ်။
တောခွေး လမ်းစဉ်အောက်မှ လူများနဲ့အတူ အခု ကျတော်ရှိနေပါတယ်။
လောလောဆယ် ခြင်္သေ့ မြို့တော်ကြီးမှာ တောခွေးတွေရဲ့ ရန်စောင်မှုကို လိမ်မာသလို ရှောင်နေရတယ်။

ဆရာတောရေ… ပင်လယ်ကို ရွေးခဲ့ပြီးမှ မောက့်ကနိမ့်ဆင်း လှိုင်းတွေကို ရင်ဖိုနေပြန်ရော။
ဘာလိုချင်နေသလဲလို့ ကိုယ့်ကိုယ် ကိုယ် ပြန်မေးမိတိုင်း ဘာကို လိုချင်မှန်းမသိဖြစ်ရတယ်။
တစ်ယောက်ယောက်က ကျတော့်ကို အလိုရှိနေတယ်ဆိုတာ သိရင်ရင်လည်း နေပျော်လာပြန်ရော။

ကိုမိုးဆတ် ပြောဖူးသလို ပျော်စရာရှာရင်း ပျင်းသွားတတ်တဲ့အကြောင်းကိုလည်း သတိရမိပါတယ်။
အခုကျတော် ပျော်စရာ လိုက်ရှာနေတာလားလို့ ပြန်တွေးတော့ ဟုတ်သလိုလိုနဲ့ မဟုတ်ပြန်ဘူး။
အခုလည်း ပျော်နေတာပဲ။ဒီထက် ပျော်စရာပိုကောင်းတဲ့ဘ၀ ရှိသေးသလား။
ပျော်စရာဆိုတာ ရယ်စရာလား။ပျော်စရာက အတော်ကြာပါတယ်။
(ဒီအကြောင်း နောက်မှ တစ်ခုခု ရေးပို့လိုက်ဦးမယ်။)

ဆရာတော… ကျတော် ရေးချင်စိတ်ကလေး နည်းနည်းပေါ်လာလို့ပါ။
ပီမို အဖြစ်ကို ရောက်ဖို့လည်း အားယူနေဆဲပါ။
လောလော ဆယ်တော့ ကျတော်က ပင်လယ်ဓားပြ။
ပျော်စရာတွေကို လိုက်တိုက်ယူဖို့ ရှာနေတဲ့ ပင်လယ်ဓားပြ။

လေးစားစွာ
ပီမို