မနက်ပိုင်းတံခါးခေါက်သံ ကြားတော့။ အဲ့ဒီနေ့က။ ဒီဇင်ဘာ။ သူရောက်နေပြီ ပြောတယ်။ ဒီဇင်ဘာ
သူရောက်နေသည်။ အိမ်ဦးခန်းထဲ အတင်းဝင်။ သူ မောပန်းလာရကြောင်း။ စောင့်ခဲ့ရကြောင်း။
တောလယ်မှာ ပတ်ပျိုးတွေ ဆိုခဲ့။ နစ်မွန်းမလိုတောင် ဖြစ်ခဲ့ဆိုပဲ။ ဒီဇင်ဘာ။
ဘာဒီဇင်။ ဇင်ဘာဒီ။ ဒီဘာဇင်။ ဘာ ဇင်ဒီ။ ဇင်ဒီဘာ။ ဒီဒီ ဇင်ဇင် ဘာဘာ။ ဒီဘာ ဇင်ဘာ။ ဘာဒီ ဇင်ဒီ။
ဒီဇင်ဘာ ချိုချိုကလေး ကောက်ညင်းပေါင်းရောင်းသူ ဒီဇင်ဘာပေါင်းပဲရောင်းတော့ မယ်တဲ့။
ဒီဇင်ဘာဟာ ဆေးသကြားရောထားတဲ့သကြားလုံး။ ချိုရဲ ချိုရဲနဲ့ နှလုံးသားကို ထွင်းဖောက်ခွင်းသတဲ့။
အို…. ချိုသောဒီဇင်ဘာ။ ချဉ်ဖွဲ့တေး သီ ပေါင်းခံသီးစုံဒီဇင်ဘာ။ သေရေရောရာခေါ်ပါသတဲ့။
ဟုတ်ပြီ ဒီဇင်ဘာ။ အဲဒီ ဒီဇင်ဘာ။ ဟု ဆိုသော ဒီဇင်ဘာ။ ဒီဇင်ဘာ ငယ်ငယ်ကလေးက ခုန်ပေါက်မြူးတူး။
ဖုန်ထဖို့ဆို ရှေ့ဆုံးဒီဇင်ဘာ။ အဲဒါ ရေမှုန်တွေပေါ့။ ဘရစ် တနီ ဒီဇင် ထိပ်ရောက်သွားဘာပြီ။
ကုန်ဒီတွေ ပြန်ဇင်အောင် ဘာတွေသုံး မလဲ။ ဒီဇင်ဘာထိပ်သီး။ အသီးခိုင်တွေပြွတ်တွဲ
အထွက်ကောင်းသလောက် မျိုးမအောင်တော့ဘူး။ ဒီဇင်ဘာတစ်ခြမ်းစောင်း အလှဓာတ်ပုံရိုက်တယ်။
မလုံ့ တလုံ့၊ မပင်မပန်း၊ ဒီအတိုင်းဆို ဒီဇင်ဘာထုတ် ဒီမဂ္ဂဇင်း ဒီဇင်ဘာကို မျက်နှာ ဖုံးတင်မယ်။
မ က မောင့်ကို ဒီဇင်ဘာရောက်မှ ချစ်တာလေ။ ဟုတ်ကဲ့ ဒီဇင်ဘာ။ မြောက်လေသွေးရင် ဝေးမှာစိုးသတဲ့။
ဒီဇင်ဘာရောက်တိုင်း မီးနဲ့ ကိုကိုတို့ အမြဲရင်ချင်းအပ်တာပဲ။ ပြောပါ ဒီဇင်ဘာ။ သူ့ကိုလေ၊
သိပ်ချစ် တာပဲ၊ သိလား၊ ဒီဇင်ဘာရောက်တိုင်း သတိရနေကြ၊ ဘာ ဘာတွေလိုနေ မှန်းကိုမသိဘူး။
ရေသောက်လိုက်ပါ ဒီဇင်ဘာ။ ဒီဇင်ဘာကြေငြာချက်။ ထည်သွင်းပုံဆောင်ရန် လိုအပ်သော
အခြေခံအချက်များ။ အသေအချာမှတ်။ အနန္တောအနန္တ ငါးပါးကို ဒီဇင်ဘာ၏ဘုရား။
ဒီတော့ဘာတုန်း။ ဒီဇင်ဘာ ပါ့ဘရား။ ဒါဆို လိုက်ဆို။ ညီစေနော်၊ ဒို့ဆောင်းနော်။ ချီတက်ကြစို့။
တူ ပျော်ပျော်။ ဒီလှည့် ၊ ဗယ်ဇင်၊ ဗယ်ဇင်၊ ဘာရွှေ့၊ ညာဇင် ညာဇင်။ မောင်ညီမ လေးတို့ရေ။
ဒီလိုနဲ့။ ဒီဇင်ဘာဟာ ဒီဇင်ဘာကြီးဖြစ်သွားသတဲ့ကွယ်။ အဲ့ဒီ နေ့က ဒီဇင်ဘာဟာ စိတ်ကောက်ပြီး
အိမ်ပေါ်ကဆင်းသွားလို့ ဒီဇင်ပြတ် ဆဲကြောင်း ဒီဇင်းစာထဲ ဘာငြာလိုက်ရတယ်။
တို့အချစ်က သူတို့ထက်ပို ပါတယ်။ ခွဲမသွားပါနဲ့ ဒီဇင်ဘာရယ်။ နော်။ ခွဲသွားရင်လေ။
ခွဲသွားရင်ဖြင့်။ ကွဲသွားမှာပေါ့ ဒီဇင်ဘာရယ်။ သိသိကြီးနဲ့ကွယ်။ မမိုက်ချင်းစမ်းပါနဲ့။
အို… အသင်ဒီဇင်ဘာ၊ စုံစမ်းမေးမြန်းခြင်းသည်းခံပါ။ ဒီဇင်ဘာလင်နောက် လိုက် သွားပါသည်။
ဆက်ရန်ဒီတွေ ရှိနေဇင်ဘာသေးတယ်။ ပြန်ဇင်ဘာတွေ မျှော် နေမယ်နော်။ ဒီဇင်ဘာ။ ပြီးပါပြီ။
တောကျောင်း
၂၀၀၈ခုနှစ်၊ ဒီဇင်ဘာ။

2 Comments
ချစ်စရာကောင်းလိုက်တာဟယ်…
ဒီချိုဇင်ဘာရေ ဒီဇင်ချိုကိုပါခေါ်ပြီး နှင်းဒီဇင်လက်ဖက်ရည်ကျကျတခွက်သောက် ဒီချိုသီချင်းတွေဆိုပြီး ဒီကျမ်းဘာရေးအတွက်လမ်းလျှေက် ဒီတောကျောင်းကိုလည်းဝင်ခေါ်ခဲ့နော်..မနက်စာညစာအတူစားရအောင်