မောပြီ ဒီဇင်ဘာ။ ပြောပြီ ဒီဇင်ဘာ။ ကျေနပ်တော့ ဒီဇင်ဘာ။ လေဖြတ်တော့ ဒီဇင်ဘာ။
ဒီအတိုင်းဆို ဒီဇင်ဘာမွှေး ဒီဇင်ဘာတောင် ပြောင်မှာမဟုတ်ဘူး။ ခက်ကရော ဒီဇင်ဘာ။
ချောင်းကလေး တဟွပ်ဟွပ် ညနေဆို ဖျားချင်နေပြီ ဒီဇင်ဘာ။ မခိုင်းနဲ့ ဒီဇင်ဘာ။
မရိုင်းနဲ့ ဒီဇင်ဘာ။ မလုပ်ချင်ဘူး ဒီဇင်ဘာ။ သွားကြည့် ဒီဇင်ဘာ။ စားကြည့် ဒီဇင်ဘာ။
ဟောဒီ ငရုတ်သီးတောင့်လေး ကိုက်ကြည့် ဒီဇင်ဘာ။ သမားဆို ဒီဇင်ဘာမှ။
ငရုတ်ဆို စပ်မှတဲ့။ ဆယ်တောင့်မကခဲ့ဘူး ဒီဇင်ဘာ။ ဒီဇင်ဘာလောင် ဒီဇင်ဘာပြောင်ခဲ့တာ။
စောစောဒီလို့ စောစောဇင်လို့ စောစောဘာလိုက်ကြပါစို့။ လောကကို ဒီဇင်ဘာကြည့် ကြည့်မြင်။
နတ်တော်၊ ပြာသို၊ ဒီသောဇင်ဘာ။ ဒီဇင်ဘာလို ဒီဇင်ဘာကို အခြေတည်စား။ ဒီ+ဇင်+ဘာ = ၁၂ ။
စာဆိုတော်ကြီး ဒီဇင်ဘာ။ သဲပုံတည်သော ဒီဇင်ဘာ။ နင်းချေလိုက်ပြီ ဒီဇင်ဘာ။ ချိုသတဲ့ ဒီဇင်ဘာ။
ငိုသတဲ့ ဒီဇင်ဘာ။ မရယ်နဲ့ ဒီဇင်ဘာ။ မလှောင်နဲ့ ဒီဇင်ဘာ။ ယောင်လည်း ယောင်မနေနဲ့ ဒီဇင်ဘာ။
ဒီဇင်ဘာအကြောင်း ဒီဇင်ဘာအသိဆုံးမို့ ဒီဇင်ဘာသာ ရှိနေပါစေ။ ပြောကြတယ်ဒီဇင်ဘာ။
ဒီဇင်ဘာရဲ့ ခွင့်ပြုချက်နဲ့ စိမ်းစိုခွင့်ပြုမယ်တဲ့။ ဒီလောက်လိုသလား ဒီဇင်ဘာ။ မရသေးဘူး ဒီဇင်ဘာ။
စာရင်းမသွင်းဘူး ဒီဇင်ဘာ။ ထည့်မဆွေးနွေးဘူး ဒီဇင်ဘာ။ အားမနားတမ်း ခေါင်းထဲတောင်
ထည့်မထားဘူး ဒီဇင်ဘာ။ ချစ်နှင်းမှုန် တဖွဲဖွဲနဲ့ သည်းလာခဲ့တော့တယ်။ကြားတယ် ဒီဇင်ဘာ။
ခါးတယ် ဒီဇင်ဘာ။ မြင်တယ် ဒီဇင်ဘာ။ သိတယ် ဒီဇင်ဘာ။ ရုန်းတယ် ဒီဇင်ဘာ။
အခုတွေ့တဲ့ ဒီဇင်ဘာကွက်တွေကို ခိုင်းနွားတရှဉ်းနဲ့ ထွန်ခဲ့တာပေါ့။ ဘယ်ရောက်ပြီလဲ ဒီဇင်ဘာ။
ရယ်ရသလား ဒီဇင်ဘာ။ ချိုသေးရဲ့လား ဒီဇင်ဘာ။ စိုသေးရဲ့လား ဒီဇင်ဘာ။ ဒီဇင်ဘာသောလက်
မခြောက်စေရန် အထူးသတိပြုပါ။ နာမည် ဘယ်လိုခေါ်သလဲ။ ဒီဇင်ဘာ။ အဖအမည် ဦးဒီဇင်။
အမိအမည် ဒေါ်ဘာ။ ရောက်ရှိရာအရပ် ဆောင်းဟုခေါ်တွင်။ ဖြတ်သန်းခဲ့ပါ ဒီဇင်ဘာ။
ပျံသန်းခဲ့ပါ ဒီဇင်ဘာ။ မလိုက်နိုင်လည်း နေရစ်ခဲ့ပေါ့ ဒီဇင်ဘာ။ သွားပြီ ဒီဇင်ဘာ။
တစ်သွားတည်းသွား ဒီဇင်ဘာ။ အကြိမ်ကြိမ်သွား ဒီဇင်ဘာ။ သွား သွား ဒီဇင်ဘာ။
တောကျောင်း
၂၀၀၈ခုနှစ်၊ ဒီဇင်ဘာ။

2 Comments
…ကုတ်အင်္ကျီလေးတစ်ထည်
ဘယ်ဆီရောက်သွားလဲ
ငါလေရှာဖွေမတွေ့တော့ပြီပဲ
အေးစက်နေတဲ့ ညထဲ ငါလွတ်နိုင်မလားဟေ့…
အခုတော့ ကုတ်အင်္ကျီသီချင်းလေးနဲ့ ကုတ်အင်္ကျီဇာတ်လမ်းလေးနဲ့
အဆန်းဆုံးဒီဇင်ဘာ
အလန်းဆုံးဒီဇင်ဘာ…
ဒီဇင်ဘာတွေ တော်တော် ထိတယ်.. ကြိုက်တယ်ဗျို့