အဖြစ်တစ်ခု အပျက်တစ်ရာဖြင့်

Filed under ကဗျာ

ဆိုကြပါစို့ ဖြစ်ဖြစ် … ဥပမာ ဖြစ်ဖြစ် နောက်မှာ ကျန်ခဲ့တဲ့လမ်းကို
လှမ်းကြည့်လိုက်တယ်.. နောက်ကို လှည့်ကြည့် ကြည့်လိုက်တော့
ငြီးငွေ့ခြင်းမှာ ထပ်ငြီးငွေ့ရတဲ့အခါ ငြီးငွေ့ခြင်းမှာ ငြီးငြီး ငွေ့ငွေ့
ဖြစ်သွားသလိုမျိုး အကြိမ်ကြိမ် ငြီးငွေ့ဖြစ်သွားသလိုမျိုး
ရှင်ရမှာလည်း ငြီးငွေ့၊ သေရမှာလည်း ငြီးငွေ့
ဟိုဟိုဒီဒီ မြင်ရ တွေ့ရ သမျှ တွေက မမျှ မတ မနိုင့် တနိုင်
သမမျှတခြင်း ဘာမှမရှိတော့
ဘယ်လိုမှ အစပ်ကို အဟပ်ကို မတည့်ကို မတည့်တော့
ဖြစ်ခဲ့ ပျက်ခဲ့ ဖြစ်ပျက်ခဲ့ပုံ တွေကိုပဲ ကိုယ့်ဖာသာကိုယ် နောက်ကြောင်းပြန်ရင်း
အရင်းတိုင်းပြန်လာမလားလို့ ကြောင်းလည်းကြောင်းလမ်း
စေ့လည်းစေ့စပ်ရင်း ဘယ်ဒဏ်ရာကို ဘယ်နှစ်ချက်ချုပ်ရမလဲဆိုတာ
ရှာရ ဖွေရ ဖြေရ ပေရ တေရ ဖြစ်လာခဲ့ရတဲ့ အချိန်မှာ
ဘယ်အကြောင်းအရာက ဘယ်လိုအကြောင်းချင်းရာဆိုတာကို
သိရင်းနဲ့လာ လာရင်းနဲ့ သိ လာသလို ရင်းပြီးမှ သိလာခဲ့တဲ့နောက်
လမ်းက လမ်းပေါ်ထပ်ရင်း စိတ်က စိတ်ပေါ်ထပ်ရင်း စိတ်နောက်ကိုယ်ပါ
မထိန်းနိုင် မသိမ်းနိုင်နဲ့ မသေမသပ် မသတ်မချင်းပဲ တကယ်ကို မသေနိုင်ဖြစ်နေ
အဲ့ဒီမှာပဲ နာပြီးရင်း နာရင်း ပျက်ပြီးရင်း ပျက်ရင်း စိတ်က တပျက်ပျက်နဲ့
လုံးဝ ပျက်နေတာလည်း မဟုတ် လုံးဝ ကောင်းနေတာလည်း မဟုတ်
ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီလိုပဲ ဆက် ဆက် သွားပြီးရင်းသွားရင်း
ဘယ်နှယ့်ဗျာ ကိုယ့်စိတ် ကိုယ်ပြန်, ပြန် နင်းမိရတယ်လို့
ဖြစ်ပျက်နေခဲ့ပုံများ…။

တောကျောင်းဆရာ
၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ။

4 Comments

  1. kokyaw
    Posted December 22, 2009 at 2:38 am | Permalink

    ဒီဘလော့က ယုပိုင်ကော တောကျောင်းဆရာဆိုသူကော သူတို့ကိုသူတို့တော့ မော်ဒန်ကဗျာတွေ ဆန်းသစ်မှုတွေဆိုပြီး တော်တော် ဟုတ်နေပြီထင်မှာဘဲ ဖတ်ကြည့်မိတော့မှ ဒီပုတ်ထဲကဒီပဲ အလကား အရူးချီးပန်းတွေဘဲ မောင်ချောနွယ် ချီးကို နည်းနည်းစား အောင်ချိမ့်ဘောနည်းနည်းမ လိုက်ရင်ပိုကောင်းမယ် အက်ဇရာပေါင်းနဲ့ မာယာကော့စကီးရယ်ကို ဘောနည်းနည်းရက်ပေးလိုက် ကဗျာဈာန် ပိုရလိမ့်မယ် ဟားဟားဟား တရာမင်းဝေရယ် သုခမိန်လှိုင် ကို ဘောမပေးရင် မောင်ယုပိုင် ပိုကောင်းလာမယ်ထင်တယ်
    မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်တတ်တဲ့
    kkyaw

  2. Posted December 22, 2009 at 9:48 am | Permalink

    ငြီးငွေ့ခြင်းမှာ ထပ်ငြီးငွေ့ရတဲ့အခါ
    ငြီးငွေ့ခြင်းမှာ ငြီးငြီး ငွေ့ငွေ့ ဖြစ်သွားသလိုမျိုး
    ရှင်ရမှာလည်း ငြီးငွေ့၊ သေရမှာလည်း ငြီးငွေ့ ..

  3. Posted December 23, 2009 at 6:51 am | Permalink

    ကျနော်လည်း ကိုယ့်စိတ်ကို ကိုယ်ပြန်နင်း ကိုယ်အပင်ကို ကိုယ်ပြန်သင်းသတ် ကိုယ့်ရောင်နီတွေ ကိုယ်ပြန်မီးရှိုဖြစ်ပါတယ်ဗျာ..ဘယ့်နဲ့..အဖြစ်ပေါ်က အပျက်တွေပါလဲ..

  4. တောကျောင်းဆရာ
    Posted December 24, 2009 at 9:27 pm | Permalink

    စာဖတ်သူ၏ Right ကို အသိအမှတ်ပြုသော အားဖြင့် kokyaw ရဲ့ comment ကျွန်တော် မဖျက်ပဲ တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ kokyaw ရဲ့ comment ကို ကျန်စာဖတ်သူများက
    ပြန်လည်တုံ့ပြန်ခြင်းအားဖြင့် comment များတိုးတိုက်မှုဖြစ်တာကို ကျွန်တော့်အနေနဲ့ မလိုလားပါဘူး ဆိုတဲ့အကြောင်း ဆိုချင်ပါတယ်။

    ကျွန်တော့်အနေနဲ့ ကျွန်တော်ရေးသော ကဗျာတွေ (မောင်ယုပိုင်လည်း အပါအ၀င်ဖြစ်ပါတယ်) “မော်ဒန်ကဗျာတွေ ဆန်းသစ်မှု” လို့ မကြွေးကြော်၊ မပြောဆိုခဲ့ဖူးသလို ကျွန်တော်နှစ်သက်ရာ ပုံစံအတိုင်း ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ ထပ်ပြောလိုတာကတော့ ကျွန်တော်တို့ဟာ
    ကျွန်တော်တို့ နှစ်သက်သဘောကျရာ လမ်းကြောင်းကိုသာ လျှောက်လှမ်းနေခဲ့ခြင်းဖြစ်ပါတယ်။

    kokyaw ရဲ့ comment ကိုဖတ်ပြီးတဲ့အခါမှာ ကဗျာရေးသားခြင်းနဲ့ပတ်သက်ပြီး
    အတွေးအခေါ်ပြောင်းဖို့သာ အဓိက ဖြစ်တယ်။ စကားလုံးကစားမှုက အဓိက မကျဘူးဆိုတဲ့
    အဆိုပြုချက်တွေအပေါ် အလေးအနက်ထား စဉ်းစားမိပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့
    ရေးသားမှုကိုတော့ တစ်စုံတစ်ရာ ပြောင်းလဲရန်မရှိပါ။

    ဒီအပေါ်မှာ ပုဂ္ဂိုလ်ရေးဆန်သော ဝေဖန်တိုက်ခိုက်မှုတွေထပ်ရှိလာခဲ့မယ်ဆိုရင်
    ဆက်လက်တုံ့ပြန်သွားမည်မဟုတ်ကြောင်းနဲ့ အခုထက်ပိုပြီးဓမ္မဓိဌာန်ကျသော ဝေဖန်မှုများကို
    လက်သင့်ခံဖော်ပြပေးသွားပါမည် ဖြစ်တဲ့အကြောင်း ပြန်ကြားအပ်ပါတယ် ခင်ဗျာ။

    စာဖတ်သူများကို လေးစာလျက်
    တောကျောင်း

Post a Comment

Your email is never published nor shared. Required fields are marked *

*
*