ကဲ ဘယ်လိုဖြစ်သလဲဆိုတော့
ရခိုင်မုန့်တီသောက်ရင်း
တဘက်ဝိုင်းက ကလေးမ ခြေသလုံးကိုကြည့်မိရာက
မိန်းမနဲ့ ကတောက်ကဆဖြစ်ရာတာမျိုးကနေ
ဒီညနေ ၅း၀၀ နာရီမှာ မီးပျက်လို့
ရတနာပုံ-ဆောက်သမ်းပွဲတ၀က်လက်လွတ်
ရေချိုးခန်းထဲ မှောင်မဲ
ချဲလ်ဆီးပွဲကိုလည်း စိတ်လျှော့ရ
ခရစ္စမံသုခံအဟောဝတံလို့
ရွာလည်ပီး ပြောရအောင်ကလည်း
ဒီနေ့က ဒီဇင်ဘာ ၂၆
အီးအမ်ပီသရီးဝါးလ်ဒ်ထဲက
တော့ပ်တင်းလေးများ ဒေါင်းလုပ်ဆွဲရအောင်
မောင်းစာရွက်ပေါ်က ကြေးများနဲ့တိုက်ဆိုင်ဖို့
အေးရှားဘွတ်ကီလေးလည်းဖွင့်လှစ်
မဖြစ်မနေ အဦးဆုံးလုပ်နေကျ
အိပ်ခ်ျတီတီပီအက်စ် မေးလ်းဒေါ့ဂူးဂဲဒေါ့ကွမ်အစရှိသည်ဖြင့်
ရေခြားမြေခြား ဟိုခြားဒီခြား
သူငယ်ချင်းများ
နှစ်သစ်မှာ လန်းကြပါစေသား
မိုးဆတ်
၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ။
