ကဗျာမည်လား ကဗျာ

Filed under ကဗျာ

ကဗျာ ဆိုတာ ဘာလဲ…
ကဗျာ့ ၀ိသေသဆိုတာ ဘာလဲ..
ကဗျာ့သွင်ပြင် လက္ခာဏာ ဘာရှိမလဲ..
ကဗျာသရုပ် ဘယ်လိုခွဲမလဲ…
ကဗျာ… ကဗျာ… ကဗျာ
အတော်စားတဲ့ ကဗျာပေပဲ..
ကဗျာခေါင်းစဉ်တပ်တိုင်း ကဗျာလေလား…
အတွေးတသုတ် ဖြုတ်ဖြုတ်ကြွေတိုင်း.
ကပျာ့ ရာသီလား… ကဗျာ့ရာသီလား..
ပြည်သူအတွက် ကဗျာလား…
ထားခဲ့တော့ ၁၉ ရာစုထဲမှာ
ကဗျာဖတ်သူအတွက် ကဗျာလား…
ထားခဲ့တော့ ၂၀ ရာစုထဲမှာ
ကဗျာ့အတွက် ကဗျာလား…
ထားခဲ့လိုက်တော့ မနေ့တစ်နေ့မှာ
ဘုရားလေး… ဘုရားရေ..
ကဗျာဘွဲ့မှူုး အသံရောကောင်းသေးရဲ့လား
မြန်မာမှာ ကဗျာစစ် ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ..
ကဗျာကိုရော ခြံခတ်ထားလို့ရသလား..
ဟောဒါ ကဗျာ၊ ဟောဒီ ကဗျာ၊
လေးထောင့်စပ် စည်းရိုးကလေးခပ်ရင်း
အော် ကဗျာ့ ကဗျာ ကဗျာ
အဲတာ ကဗျာလား..
မှန်ဘောင်ကလေးသွင်း..
အော်ရောင်းလိုကရောင်း..
ဟောဒါက ချို၊ ဟောဒါက နားရွက်
ဒါလေးကပါးစပ်ခင်ဗျာ… ဒီအရာ မျက်စေ့ပေါ့
ဒါတွေစုံမှ ကဗျာ… ဟုတ်ပါ့မလား ခင်ဗျာ
ကဗျာသမိုင်း ဘယ်တော့မှမဆုံး
ကဗျာနယ်နမိတ် ဘယ်တော့မှမဆုံး
ကဗျာဖွင့်ဆိုချက် တန်းကျောင်းဖတ်စာမှာပဲ ရှိမယ်
ဒါတွေမသိလည်း သိပ်တော့အရေးမကြီး
သတိမမူ ကဗျာမမြင်
သတိမူလည်း မြင်ချင်မှမြင်ရမှာဆိုတော့
ကံကြီးတယ်သတိထား ကဗျာ့ရိုးရာနှောက်တတ်တယ်နော်။

Post a Comment

Your email is never published nor shared. Required fields are marked *

*
*