ဇေယျာလင်း၊ မောင်ပြည့်မင်းနှင့် bodyreports ဓာတ်ပုံအချို့

Filed under ကဗျာ, စာပေ, ပြန်ကြားချက်

P1030708
- ဇေယျာလင်း တကယ့်ဘ၀ကို ရွတ်နေတာ၊ ခပ်တည်တည်ပဲ၊ အသံတော့သိပ်မပီဘူး။

P1030712
- အိတ်အဖြူလွယ်လျက်သားထိုင်နေတာ မိုးဝေး၊ သူရွတ်တာတော့ မမီဘူး။

P1030723
- မောင်ပြည့်မင်းက ဇေယျာလင်းကဗျာကို ခဏ၀င်ရွတ်ပေးနေတာ။

P1030725
- အခင်းအကျင်းကိုက တစ်စုံတစ်ခု၊ တစ်စုံတစ်ရာ။

P1030740
- သူခင်းထားတဲ့ စပျစ်သီးတွေက အစိတ်သားလောက်တော့ရှိမယ်။

- ဒီနေ့ bodyreports ပထမနေ့ပွဲ။ တစ်နေရာဝင်နေတာနဲ့ ဖွင့်ပွဲမမီဘူး။ ဇေယျာလင်းရွတ်တဲ့အချိန်က စမီတယ်။ ပြီးတော့ ဆက်နေလိုက်သေးတယ်။ အာရုံမလာတော့တာနဲ့ ထပြန်လာတယ်။ ဓာတ်ပုံတစ်ချို့ရလာတယ်။ ရလာတာတစ်ချို့တင်ပေးလိုက်တယ်။
ယူနိုင်တယ်။ သုံးနိုင်တယ်။ ခရက်ဒစ်တော့ ပေးပါ။

9 Comments

  1. Posted February 7, 2010 at 7:53 am | Permalink

    ဇေယျာလင်း ကဗျာတွေကိုကြိုက်တယ်
    လူကိုတော့ ခုမှမြင်ဖူးတယ်
    လူလတ်ပိုင်းလို့ ထင်နေတာ
    ခုတော့လည်း နှုတ်ခမ်းမွေးနဲ့ ဆံပင်ရှည်ကြီးစည်းထားတော့
    ဆရာ့ရုပ်က ကဗျာပိုဆန်သွားသလိုပဲး)
    ပုံတွေဝေမျှတဲ့အတွက် ကျေးဇူးးးးးး

  2. Posted February 7, 2010 at 10:12 am | Permalink

    ဘီလို နားလည်ရမလဲ

  3. တောကျောင်းဆရာ
    Posted February 7, 2010 at 1:57 pm | Permalink

    @ဂျေဂျူဝိုင်
    စီလိုနားလည်ပါခင်ည … ဟဲ… ဘာကို ဘီလိုလဲဗျ အေရှင်းဘူး..:)

    @နိုင်းနိုင်းစနေ
    ဆံပင်ရှည်က ရောင်းစားဖို့ထင်တာပဲ… :P

  4. ShwunMi
    Posted February 7, 2010 at 3:33 pm | Permalink

    ဆရာဇေယျာလင်းကို ဘေးတိုက်ကြည့်တော့ ရှားလော့ဟုမ်းနှာခေါင်းနဲ့လိုလို..
    စာအုပ်ထဲက silhouette နဲ့တူတာကို ပြောတာပါ.. ပြန်ရိုက်တဲ့ရုပ်ရှင်ထဲကမင်းသားပုံနဲ့တော့ မတူပါဘူး။း)

  5. ဖိုးသား
    Posted February 7, 2010 at 4:44 pm | Permalink

    ဇေယျာလင်း ဆိုတာ YES က ဆရာ ဦးမြင့်အောင်နဲ့တူလိုက်တာ ချွတ်စွတ်ပဲ

  6. တောကျောင်းဆရာ
    Posted February 7, 2010 at 8:29 pm | Permalink

    @ဖိုးသား
    ချွတ်စွတ်ဆို ဦးမြင့်အောင် တဖြစ်လဲ ဇေယျာလင်း၊ ဇေယျာလင်း တဖြစ်လဲ ဦးမြင့်အောင်ကိုးဗျ။

  7. Posted February 7, 2010 at 10:42 pm | Permalink

    သတိရတယ် ဇေယျာလင်းကို… အဘိုးကြီး ဘာမှမပြောင်းလဲသေးဘူး :)
    ကဗျာတွေထက် သူ့အပြောတွေကို အရင်မျောခဲ့ရတာကိုး။ ငါက။

    တခုခုသော အခင်းအကျင်းက ဘာများလဲ..။ ပြောဦး။

    စကားမစပ် ပိုစ့်ခေါင်းစဉ်တွေ တချက်ပြန်စစ်ဦး။ (စိတ်မကောက်ကြေး )

  8. တောကျောင်းဆရာ
    Posted February 8, 2010 at 9:14 am | Permalink

    @mirror
    :D
    တစ်ခုခုသော အခင်းအကျင်းက တစ်ခုခုပေါ့ကွယ်…
    စိတ်ထဲရှိရာ တစ်ခုခုကို ကောက်ထဲ့လိုက်ပေါ့… :P

  9. Posted February 24, 2010 at 7:14 pm | Permalink

    အစိမ်းရောင် ပန်းချီပါလား

One Trackback

  1. By Bodyreports (Feb 2010) | Lanolay on August 21, 2010 at 4:24 pm

    [...] [...]

Post a Comment

Your email is never published nor shared. Required fields are marked *

*
*